ShweFriends.com

Where the friends meet!



တစ်နေ.မှာ လယ်သမားတစ်ယောက်ရဲ.မြည်းဟာ ရေတွင်းထဲကျသွားတယ်။ လယ်သမားက ဘာလုပ်ရမလဲလို. ကြိုးစားအဖြေရှာ နေတုန်းမြည်းကတော့နာရီများစွာ သနားစဖွယ်အော်ငို နေ ပါတယ်။

နောက်ဆုံးတော့ လယ်သမားက မြည်းဟာ အသက်လည်းကြီးပြီ ရေတွင်းကလည်း ဘယ်နည်း နဲ.မဆို ဖို.ပစ်ဖို. လိုအပ်နေပြီမို. မြည်းကိုပြန်မရယူသင့်တော့ဘူးလို. ဆုံးဖြတ်လိုက်ပါတယ်။

ဒါကြောင့်လည်း လယသမားက အိမ်နီးချင်းတွေကို လာကူဖို. ဖိတ်ခေါ်လိုက်ပါတယ်။သူတို.အား

လုံးဟာ ဂေါ်ပြားတွေကိုကိုင်ပြီး မြေကြီးတွေကို ရေတွင်းထဲ ယက်ထည်.ကြပါတော့တယ်။

အဲဒီအခြင်းအရာတွေကြောင့် လယ်ယာမြေထဲက တခြားတိရစ်ဆာန်တွေအားလုံးဟာ အလွန်ပဲ

ချောက်ချားသွားခဲ့ကြပါတယ်။အကြောင်းကတော့ မြည်းဟာ သူတို.ရဲ. သူငယ်ချင်း ဖြစ်နေလို.ပါပဲ။ဒါပေမယ့် သူတို.က သူကို ဘာမှ မကူညီနိုင်တာကို သိထားခဲ့ကြပါတယ်။

မြည်းဟာ ပထမတော့ ဘာဖြစ်နေတယ်ဆိုတာကို သဘောပေါက်သွားပြီး ထိတ်လန်.တကြား

အော်ဟစ်ငိုယိုပါတယ်။အဲဒီနောက် သူက ငြိမ်ငြိမ်သက်သက် နေပြလို. အားလုံးကအံ့အားသင့်

သွားကြတယ်။ဂေါ်ပြားနဲ.မြေကြီးအနည်းငယ် ယက်ထည်.ပြီးတဲ့အချိန်မှာ လယ်သမားဟာ ရေ

တွင်းထဲကို ငုံ.ကြည်.လိုက်မိတယ်။ကြည်.ပြီးတော့အံ့အားသင့် သွားပါတယ်။

မြည်းဟာ သူ.ကျောကုန်းပေါ် မြေကြီးတွေကျလာတိုင်း အံ့ဖွယ်တစ်စုံတစ်ခုကို ပြုလုပ်နေပါ

တော့တယ်။ သုဟာမြေကြီးတွေကို ခါချတယ်။ ပြီးတော့ အဲဒီ မြေကြီးတွေပေါ် ခြေထောက်နဲ.

နင်းတက်ပြီး မြေဖို.ပါတယ်။ လယ်သမားရဲ. အိမ်နီးချင်းတွေက မြေကြီးတွေကို သူ.ကိုယ်ပေါ်

ဆက်လက်ယက်ချနေတာကြောင့် သူကလည်း အဲဒါတွေကို ခါချပြီး ခြေထောက်နဲ.နင်းဖို.နေ

လိုက်တယ်။ သိပ်မကြာခင်မှာပဲ မြည်းဟာ ရေတွင်းနှူတ်ခမ်းဘောင်ပေါ် ခြေထောက်နဲ. နင်း

တက်ပြီး ခပ်သွက်သွက်လျှောက်သွားပါတော့တယ်။

သင်ခန်းစာ- ဘ၀က ဂေါ် ပြားဖြင့်မြေကြီးမှန်သမျှကို သင့်အပေါ် ကို ယက်ချပါလိမ့်မည်။

ဒုက်ခအသီးသီးဟာ အပ်ါသို.တက်ရာအဆင့်တစ်ဆင့်ဖြစ်နိုင်၏။ သင်တွေ.ကြုံရ

သောအဖြစ်အပျက်သည် အဲဒီအပေါ် သင်ဘယ်လိုတုံ.ပြန်သည် ဆိုတာလောက်

အရေးမကြီးပါ။ လက်မလျှော့ခြင်းဖြင့် ကျွန်ုပ်တို.ဟာ အနက်ဆုံးရေတွင်းထဲက

ထွက်လာနိုင်ပါတယ်။


ဆရာကျော်မြင့်ဘာသာပြန်ထားတဲ့ English for all စာအုပ်လေးထဲက စာလေးတစ်ပုဒ်ပါ။
အရမ်းကြိုက်တဲ့အတွက်သူငယ်ချင်းတို့ဖတ်ရအောင် ဝေမျှပေးလိုက်တာပါ။ ဖတ်ြ့ပီး ဝေဖန်ပေးပါနော်။
အချစ်များစွာဖြင့်
မိုးသိမ်မွေ့










Views: 0

Comment

You need to be a member of ShweFriends.com to add comments!

Join ShweFriends.com

Comment by royal on January 14, 2010 at 2:01am
ကြိုက်တယ်ဗျာ ကူးသွားတယ်နော်
Comment by yyyyyyyin on March 28, 2009 at 3:55pm
a yenn kg de` ,,example lay naw....
thank u for ur sharing
Comment by KYAW NANDA on February 28, 2009 at 11:40pm
хорошо

© 2012   Created by Nay Lin Kyaw.   Powered by

Badges  |  Report an Issue  |  Terms of Service