Where the friends meet!
တစ်နှစ်တစ်ခါ ပုံမှန်ကျရောက်နေတဲ့ သင်္ကြန်ပွဲတော်ကြီးကျင်းပမယ့် ရက်ကတော့ မကြာခင်ကာလအတောအတွင်းမှာ ကျရောက်လာပါတော့မယ်။ မြန်မာတို့ရဲ့ ရီုးရာသင်္ကြန်ပွဲတော်ဆိုတဲ့ စကားရပ်နဲ့အညီ လူငယ် လူကြီး အမျိုးအစားစုံလင်စွာရဲ့ စိတ်ထဲမှာ သင်္ကြန်ကာလကို ဘယ်လိုဖြတ်ကျော်ကြမယ်ဆိုတာ အစီအစဉ်တွေ ရေှးဆွဲနေကြပါပြီ။ ဒါပေမယ့်လည်း....
"တစ်နှစ်တစ်ခေါက်၊ မြန်မာတို့ရောက်သည်၊ မြေလွှာအောက်က ငရဲအိုးကြီး"လို့ စာချိုးရမလိုဖြစ်နေပါတယ်။ သင်္ကြန်တွင်းမှာ တစ်နှစ်ပတ်လုံး အောင့်အည်းသည်းခံခဲ့ရသမျှတွေကို အတိုးချပြီး ကဲကြ၊ သောင်းကျန်းကြသလားထင်ရလောက်အောင်ကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ သင်္ကြန်နှစ်တွေများလှပါပြီ။
သောက်စားမူးယစ်ပြီး လူမြင်ကွင်းမှာ မတော်မလျော်မြင်ကွင်းတွေမြင်တွေ့ရတာဟာ သင်္ကြန်အစဉ်အလာတစ်ခုဖြစ်နေပါတယ်။ သင်္ကြန်မဏ္ဍပ်တွေဆောက်လုပ်ကြတာ၊ ရေပက်ကစားကြတာဟာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် စီးပွားရေးဆန်လွန်းလာတဲ့ မဏ္ဍပ်တွေများပြားလာသလို၊ ရေပက်ကစားကြတဲ့ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်ပုံတွေဟာ မြန်မာ့ရိုးရာသက်ြန်ပါလို့ ဘုရားစူးကျိန်ပြောရမလိုပါပဲ။ ၀တ်တဲ့သူကလည်းဝတ်၊ နှမချင်းမစာနာပဲ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ ခိုးရိုက်ပြီး အင်တာနက်စာမျက်နှာပေါ်တင်တဲ့သူကလည်းတင်၊ လူမြင်ကွင်းမှာ ယောင်္ကျားလေးနဲ့ မိန်းကလေးအမြင်မတော်တာတွေကိုလုပ်သူကလုပ်၊ အောက်ကရေပက်ခံကားပေါ်ကနေ၊ မကြားဝံ့မနာသာတွေအော်ပြောလိုပြော၊ ရေပက်ခံကားနဲ့ ရေပက်ခံတဲ့သူမရှိလည်း ရေပိုက်တွေကဖွင့်ထားကြနဲ့ မြင်ရတဲ့မြင်ကွင်းတွေက စိတ်ချမ်းသာစရာ မြင်ကွင်းတွေကို နှစ်စဉ်မြင်တွေနေရတာ တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာပါတယ်။
အရက်သေစာသောက်စားမှုတွေကလည်း များမှများ၊ တရားဝင် အရက်သောက်စားပွဲကြီး ကျင်းပပေးနေသလားအောက်မေ့ရပါတယ်။ ဒါကြောင့်လည်း မြန်မာ့ရိုးရာသင်္ကြန်လို့အမည်ပေးမယ့်အစား ဘယ်လိုအမည်လေးများ ပြောင်းပေးရရင်ကောင်းမလဲလို့ ၀ိုင်းစဉ်းစားပေးကြပါလား ....................
© 2012 Created by Nay Lin Kyaw.
Powered by
You need to be a member of ShweFriends.com to add comments!
Join ShweFriends.com