အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်ပြီး ကျောင်းတက်ကြ အလုပ်လုပ်ကြရတာ ယနေ့ ခေတ်မှာအားလုံးသိရှိကြပြီးဖြစ်
မှာပါ။ တချို့ က မိဘက ကိုယ့်သားသမီးနောင်ရေးအတွက်တွေးပြီး ကြည်ကြည်ဖြူဖြူ လွှတ်ကြတာရှိသလို တချိုက မိမိရဲ့ဘ၀တိုးတက်ရာ
တိုးတက်ကြောင့် စိတ်ကူးတွေနဲ့  မိဘကိုနားပူနားဆာလုပ်ပြီး ထွက်လာကြတာ တွေရှိပါတယ်။
မိဘတွေထဲမှာ လဲအမျိုးမျိုးရှိပါတယ်။ တချို့ ပြေပြေလည်လည်ရှိကြတော့ သားသမီးကျောင်းတက်ဖို့  သက်တောင့်သက်သာ
ပါပဲ။ ကျောင်းတက်ပြီး အလုပ်ဆက်လုပ်ပြီး ကိုယ့်ဘ၀တိုးတက်ရာတိုးတက်ကြောင်း ရှာပါစေ ရည်ရွယ်ချက်နဲ့ ပေါ့။ ဒီကိစ္စကလဲ အရင်
အနေအထားနဲ့ ဆိုမှန်ပါတယ်။ ခုလို တကမ္ဘာလုံးစီးပွါးရေးချွတ်ခြုံကျနေချိန်မှာတော့ အလုပ်မရလို့ ပြန်သွားရတဲ့ သူတွေ ဒုနဲ့ ဒေးပါ။
တချို့ ကျောင်းလာတက်တဲ့ သူတွေကျတော့လဲ ကျောင်းကို မပူမပင်တက်နိုင်ပါတယ်။ အလုပ်မရလဲကိစ္စမရှိ အချိန်တန် မိဘဆီပိုက်ဆံ
ပြန်မှာပြီး မပူမပင်နေနိုင်ကြပါတယ်။ ဒါပေမဲ့ လဲ ဒီလိုကျောင်းသား ကျောင်းသူမျိုးက လက်ချိုးရေလို့ ရပါတယ်။ အများစုကတော့ မိဘတွေက ကြံဖန်ပြီးသားသမီး ရှေ့ ရေးကို တွေးပြီး ရှိတာလေးတွေထုထခွဲရောင်းချပြီး စင်္ကာပူကို လွှတ်လိုက်တာပါပဲ။ မိဘမေတ္တာပေါ့။
ွှရည်မှန်းချက်တွေနဲ့  ထွက်လာကြတဲ့ သူတွေမှာ အလုပ်မရပဲပြန်ရတော့ နောက်မှာ ရှိတဲ့ သူတွေလဲ ဘ၀ပျက်သွားကြတာတွေရှိပါတယ်။
အရင်းအနှီးက ကြီးပါတယ်။ အောင်မြင်ရင်တော့ ဘာမှပြောစရာမလိုပါဘူး။ မအောင်မြင်တော့ ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်း
သိတော့တယ်ဆိုသလိုဖြစ်တော့တာပါပဲ။ တချို့ လဲ ကိုယ်တက်ထားတဲ့ ပညာနဲ့ စင်္ကာပူမှာ အလုပ်လာလုပ်ကြတာပါပဲ။ ဇနီး၊မယား သမီး
သားတွေ ကိုခွဲပြီးတော့ တနယ်တကြေးမှစီးပွါးလာရှာကြရတာပါပဲ။
ဘယ်လိုအကြောင်းကြောင့်ပဲရောက်ရောက် စင်္ကာပူရောက်ပြီးဆိုပါတော့။ ရောက်ကြတာကလဲ အများစုက လူငယ်တွေပါ။ ဒီတော့
ချစ်သူတွေ ဖြစ်ကြ ချစ်ကြ ကြိုက်ကြ တာ မဆန်းပါဘူး။ ဒါပေမဲ့  ကိုယ့်လာရင်း ရည်ရွယ်ချက်ပါ ပျောက်ပြီး လက်မထပ်ပဲ အတူနေကြတဲ့
ကိစ္စကတော့  မြန်မာလူမျိုးအတွက်ရော ဘာသာရေး(ဗုဒ္ဓဘာသာအရပါ)တိုင်းတစ်ပါးသားလူမျိုးတွေရဲ့အမြင်မှာရောတယ်မကောင်းလှပါဘူး။ တချို့ ကပြောကြပါတယ် တချိန်လက်ထပ်မှာပဲတဲ့။ လောကကြီးမှာဖြစ်ချင်တာတွေ မဖြစ်ရတာတွေရှိတာသိကြမှာပါ။ ဘယ်လောက်သေချာပါတယ်ဆိုတဲ့ ကိစ္စတွေရှိလိုလဲ။ အနာဂတ်ကို ဘယ်သူကများ ကြိုတင်မြင်နိုင်ကြလို့ လဲ။နောက်ပြီး အနောက်နိုင်ငံတွေမှာက ဒီလို နေကြတာဟာ ပြဿနာတက်လာရင် အစိုးရက ခေါင်းခံပြီး ဖြေရှင်းပေးတယ်။ ခု ကိုယ်နေတာက သူတပါးတိုင်းပြည်မှာ ပြီးတော့ ဖြစ်လာရင် သံရုံးကလဲ အခွန်ကောက်ဖို့ ကလွဲလို့  ဘာမှ ကူညီမှာ မဟုတ်ပါဘူး။ ကိုယ်ဒီလိုနေတာကို မိဘက သိရင်လဲဘယ်လိုမှခွင့်ပြုမှာမဟုတ်ပါဘူး။ သိသိနဲ့ ခွင့်ပြူတယ်ဆိုရင်တောင် ဘာသာရေးမှာဘာမှဗဟုသုတ မရှိလိုပါပဲ။ တကယ်ဘာာရေးလိုက်စားတဲ့ မိဘဆိုရင်လဲ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ပါဘူး။ ကိုယ့်သားသမီး သံသရာမှာ နစ်မွန်းမဲ့ ကိစ္စမျိုး ဘယ်မိဘကမှ လိုလားမှာမဟုတ်ပါဘူး။
ဒါကြောင့် ရှေးအစဉ်အဆက်ကထဲက သမီးရှင်မိန်းခလေးတွေက ကိုယ့်သားသမီးကို တစိမ်းယောင်္ကျားလေးနဲ့  ရောရောနှောနှော မနေဖို့ 
သမီးရည်စားဖြစ်နေကြရင်တောင် လက်မထပ်ခင် မိမိရဲ့ အပျိုရည် မပျက်အောင် ထိမ်းသိမ်းခိုင်းခဲ့ကြတာပါ။ ယောင်္ကျားလေးရှင် မိဘတွေ
ဆိုရင်လဲ လက်မထပ်ခင် နှမသားချင်းကိုယ်ချင်းစာပြီး လွန်လွန်ကျူးကျူး မဖြစ်မိအောင်ဆိုဆုံးမခဲ့ကြတာပါပဲ။ ဒီကိစ္စကိုကိုယ်က မရှောင်
နိုင်ရင်လဲ မြန်မြန်သာ လက်ထပ်ပြီး မိဘကိုအကြောင်းကြားပြီးနေကြပါလို့ အကြံပြုချင်ပါတယ်။ ခုခေတ်မှာအားလုံး အတူနေနေကြတာပဲ
သဘောတူရင်ပြီးတာပဲလို့  တချို့ ကလွယ်လွယ်ပေါ့ပေါ့ ပြောတာကြားဖူးကြပါမှာ။ ကိုယ်နဲ့ အတူနေတဲ့သူနဲ့ လက်ထပ်ဖြစ်ကြရင် သိပ်ပြီး
ကိစ္စမရှိပေမဲ့ လက်မထပ်ဖြစ်ခဲ့ရင် အကျိုးဆက်တွေအနေနဲ့  ယောင်္ကျားလေးက သိပ်မသိသာပေမဲ့ မြန်မာယဉ်ကျေးမှုဝန်းကျင်မှာ မိန်းခလေးက နှာခေါင်းရှုံခံရမှာ သေချာတယ်။ မြန်မာ့ယဉ်ကျေးမှုမှာ ရည်စားများများတဲ့ မိန်းခလေးကိုတောင် နှာခေါင်းရှုံကြပါတယ်။ ခုလိုလက်မထပ်ပဲအတူနေတဲ့ မိန်းခလေးဟာ လင်ကောင်းသားကောင်း ရနိုင်ဖို့ လွယ်ပါတော့မလား၊ ယောင်္ကျားလေးတွေရဲ့ သဘောက ကိုယ်ကသာပွေချင် ပွေ ရှုပ်ချင်ရှုပ်မှာ ကိုယ်အိမ်ထောင်ဖက်မိန်းခလေးကို ခြောက်ပစ်ကင်း သဲလဲစင်စေချင်တာပါပဲ။ ခွင့်လွှတ်နိုင်ပါတယ်ဆိုပြီး လက်ထပ်ဦးတော့ လင်မယား အခန့် မသင့်ရင် နိုင်ကွက်ကိုင်ပြီး အနိုင်ယူခံရမှာ သေချာပါတယ်။ ဒီတော့ သြော် ငါတချိန်က ဒီလိုနေခဲ့မိတာ မှားလေစွ ဆိုပြီး နောင်တရကြမှာပါ။ ဒီတော့ ဒီကိစ္စကို လက်မထပ်ခင်ထိမ်းကြပါ။ လက်ထပ်ပြီးရင်
ငြီးငွေ့ လာမှာ မပူပါနဲ့ ။ တဒင်္ဂ ပျော်ရွှင်မှုကို သံသရာမှာ နစ်မွန်းမဲ့ ကိစ္စနဲ့  အလဲအလှည် မလုပ်ကြပါနဲ့ ။ ကိုယ်ကဒီလို နေလိုက်တော့ အခြားကောင်းကောင်းမွန်မွန်နေတဲ့  စင်္ကာပူပြန်မိန်းခလေးတွေကိုလဲ မြန်မာပြည်ဝန်းကျင်က ဒီကောင်မလေးလဲ ဒီလိုပဲ ဟိုမှာ နေချင်သလိုနေလာမှာပဲလို့ ထင်ကြမှာ မလွဲပါဘူး။ ဒီတော့ဒီကိစ္စကို ၀ိုင်းဝန်းပြီး အသိပေးကြ ဆင်ခြင်စဉ်းစား ခိုင်းစေချင်ကြပါတယ်။
ဒါက အပျိုလူပျိုတွေအတွက်ပါ အိမ်ထောင်တန်းလန်းနဲ့  နေကြတဲ့ သူတွေကတော့ပိုပြီးဆင်ခြင်ရမှာပါ။ ကိုယ့်ဘာသာ ကျေနပ်လို့  ဘယ်လိုပဲ နေနေ ဘာသာရေးအရ ကာမေသု မိစ္ဆာစာရ ကံ နဲ့ ငြိစွန်းလို့ ပြောနေရတာပါ။ ဒီကံကို လွန်ကျူးမိရင် နောင်ဘ၀မှာ အချောက်
ဖြစ်ရင်ဖြစ် မဖြစ်ရင် မိန်းမဘ၀ပဲ ဖြစ်တော့မှာပါ။ မြင့်မြတ်တဲ့ ယောင်္ကျားဘ၀ ကိုမရနိုင်တော့ပါဘူး။ မိန်းမဘ၀ပီပီပြင်ပြင်ဖြစ်ရင်လဲ တော်သေးပေါ့။ အခြောက်ကြီး ဖြစ်နေရင်စဉ်းသာ စားကြည့်ပေတော့။ ယောင်္ကျားလေးတွေ မသွားလာမလွန်ကျူးအပ်တဲ့ မိန်းခလေး အယောက် ၂၀ ရှိပါတယ်။ မာတုရက္ခိတ=အမေအုပ်ထိမ်းမှုအောက်မှာ ရှိနေသေးတဲ့ မိန်းမ၊ ပိတုရက္ခိတ= အဖေအုပ်ထိမ်းမှုအောက်မှာ ရှိနေသေးတဲ့ မိန်းမ ...စသည်ဖြင့်ပေါ့။ ဒီမိန်းမတွေမှာ ကာယကံရှင် မိန်းမလေးက သဘောတူတူမတူတူ ယောင်္ကျားလေးက သွားလာရင်
ကာမေသုမိစ္ဆာစာရပါ။ စင်္ကာပူရောက်နေတဲ့ မိန်းခလေးအများစုဟာ အားလုံး မိဘတွေ အုပ်ထိမ်းမှုအောက်မှာ ရှိနေတယ်။ ဒါကြောင့်လဲ
ကိုယ့်သမီးကို တဖွဖွ မှာနေ ဖုန်းဆက်နေကြတာပေါ့။ ဒီတော့ လက်မထပ်ပဲ အတူနေနေကြတဲ့ သူတွေ ဒီကိစ္စကို ကျမ်းဂန်တက်ဆရာတော်ကြီးတွေဆီမှာ လျောက်ထား မေးမြန်ကြပါ။ လောကအပြစ်က ခွင့်လွှတ်ပေမဲ့ ဓမ္မအပြစ်က ခွင့်မလွှတ်ပါဘူး။
မိဘတွေအနေနဲ့ လဲ ကိုယ်သားသမီးက ပူဆာတိုင်း မလွှတ်ကြပါနဲ့ ။ ဗုဒ္ဓဘာသာကိုလက်ခံယုံကြည်တယ်ဆိုရင်ပေါ့။
ဒီစာကို ဘယ်သူ့ ကိုမှ ပုတ်ခတ်လို အပြစ်ပြောလိုတဲ့ သဘောမျိုးနဲ့ ရေးတာမဟုတ်ပါဘူး။ ကာမဂုဏ် သာယာမှုအတွက်နဲ့  သံသရာမှာနစ်မွန်းကြမှာ စိုးလို့ ပါ။ အခု အတူုနေကြတဲ့ ချစ်သူတွေဟာ ဒီလိုအပြစ်ရှိတယ်ဆိုတာ တယောက်မှသိမှာမဟုတ်ပါဘူး။ သိတဲ့ 
သူဆိုရင် ဘယ်တော့မှ ဒီလိုနေဖို့ စိတ်ကူးမိမှာ မဟုတ်ပါဘူး။ ဘာလို့ လဲဆိုတော့ ဒီကိစ္စဟာ တချိန် ကြုံမှာပဲ။ ခဏတာ စောင့်ထိမ်းရတာပါ။ ကိုယ့်ချစ်သူကို တကယ်ချစ်ရင်လဲ ချစ်သူသံသရာမှာ နစ်မွန်းစေမဲ့ကိစ္စကို ခွင့်မပြုသင့်ပါဘူး။စင်္ကာပူမှာနေတဲ့ သူငယ်ချင်းတယောက် အပြောအရ ဒီလိုနေကြတာ ၄၀ ရာနှုန်းလောက်ရှိတယ်တဲ့။ ရင်လေးစရာပါ။နော်တချက်က စင်္ကာပူမှာ လာပြီးနေ
ကြသူတွေဟာ ပညာတက်အဆင့်အတန်းမြင့်ကြသူတွေပါ။ ဒီလိုသူတွေက ဒီလိုဖြစ်နေကြရင် အနာဂတ် မြန်မာ့ယဉ်ကျေးမှုအတွက်ရော
တိုင်းပြည်အတွက်ရော ရင်လေးစရာပါ။
မှတ်ချက်။ ။ဒီပို့ စ်ကို တဆင့်မျှဝေပေးကြပါ။ ဆင်ခြင်သုံးသပ်ကြပါ။ ကူးယူဖော်ပြပေးကြပါ။မိမိကိုယ်တိုင်ရေးသားထားခြင်းဖြစ်ပါသည်။
နောက်ဆက်တွဲ အနေဖြင့် အောက်ပါhttp://www.htunhlaing.blogspot.com/မှကောက်နှုတ်ချက်စာသားများကို ဆက်ဖတ်ပါ
ကာမဖောက်ပြား မမှောက်မှားနှင့်…
ကာမေသု- ကာမဂုဏ်ကို၊ မိစ္ဆာ- မှားယွင်းစွာ၊ အာစာရ- ကျူးလွန်ခြင်းဟူ၍ အနက် အဓိပ္ပာယ်ရတာဖြစ်ခြင်းကြောင့် သူတစ်ပါးမယား ပြစ်မှားစော်ကားမိခြင်း လောက်ဖြင့် မှတ်ယူမထားသင့်ပေ။ “နှမချင်းစာနာထောက်ထားပါ” ဟူသော မြန်မာ တို့၏ ယဉ်ကျေးမှုစကားဖြင့်ပင် အသိအလိမ္မာရှိသူတို့အဖို့ ထိုကံကို ကျူးလွန်လိမ့်မည် မဟုတ်ပါ။ ကာမေသုမိစ္ဆာစာရဟူသောအမှုကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည်ပင်လျှင် အချို့သောသူတို့ ရှင်းလင်းစွာ နားမလည်ကြပေ။ အနောက်တိုင်းသားတို့အနေဖြင့်မူ နားလည်ဘို့ ပို၍ပင်ဝေးကွာလှပေသည်။ ကာမေသုမိစ္ဆာစာရ ကျူးလွန်ခြင်းဟူသောအမှု ကို ရှင်းလင်းစွာနားလည်ထားဘို့ လိုအပ်၏။
ကာမဂုဏ်တို့၌ ဖောက်ပြန်မှားယွင်း ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏ဟုသီလ ဆောက်တည်ထားသူ အမျိုးကောင်းသားသည် မိမိ၏သီလ မကျိုးမပေါက်စေရန် အောက်ပါ အာဂမနီဝတ္ထု မသွားမလာအပ်သော မိန်းမ(၂၀)ကို ရှောင်ကြဉ်ရပါမည်။
(၁) မာတုရက္ခိတ - မိခင်စောင့်ထိန်းသော မိန်းမ၊
(၂) ပိတုရက္ခိတ - ဖခင်စောင့်ထိန်းသော မိန်းမ၊
(၃) မာတုပိတုရက္ခိတ - မိဘနှစ်ပါး စောင့်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ - မောင်ကြီးမောင်ငယ် စောင့်ထိန်းသော မိန်းမ၊
(၅) ဘဂိနီရက္ခိတ - အစ်မ၊ ညီမ စောင့်ထိန်းသော မိန်းမ၊
(၆) ဉာတိရက္ခိတ - သွေးသားတော်စပ်သူ ဆွေမျိုး စောင့်ထိန်းသော မိန်းမ၊
(၇) ဂေါတ္တရက္ခိတ - အမျိုးအနွယ် စောင့်ထိန်းသော မိန်းမ၊
(၈) ဓမ္မရက္ခိတ - တရားကျင့်ဖော်ချင်း စောင့်ထိန်းသော မိန်းမ၊
(၉) သာရက္ခ - ကိုယ်ဝန်ကတည်းက မှတ်သားသိန်ဆည်းခံရသော မိန်းမ၊
(၁၀) သပရိဒဏ္ဍ - ဤ မိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟုမင်းမိန့် ထုတ်ခံရသော မိန်းမ(တော်ကောက်ထား သည့် မိန်းမ)။
မာတုရက္ခိတမှ ဓမ္မရက္ခိတအထိ မိန်းမရှစ်မျိုးတို့ကို မိဘစသူတို့က စောင့်ထိန်း သည်ဆိုရာ၌ မိဘစသူတို့သည် ထိုမိန်းမတို့၏ အထိအတွေ့(ဖဿ)ကို အစိုးလည်းမရ၊ ပိုင်ဆိုင်မှုလည်းမရှိသဖြင့် မစောင့်ရှောက်နိုင်။ ဖဿကို စောင့်ရှောက်ကြသည်မဟုတ်။ အမှန်မှာ ယုတ်မာသောအကျင့်နှင့် ယောက်ျားတစ်ပါးနှင့် သွားလာနေထိုင်မှုကိုသာ တားမြစ်စောင့်ရှောက်နိုင်ကြသည်။ ထို့ကြောင့် ထိုမိန်းမရှစ်မျိုးတို့မှာ ယောက်ျတစ်ပါးနှင့် ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာစာရကံမထိုက်၊ အဘယ့်ကြောင့်ဆိုသော် ကာမပိုင် လင်မရှိသောကြောင့်တည်း။ သာရက္ခ၊ သပရိဒဏ္ဍမိန်းမနှစ်မျိုးတို့မှာ ရည်စူးသတ် မှတ်ထားသူရှိခြင်းကြောင့် ယောက်ျားတစ်ပါးနှင့် ကာမဖောက်ပြန်လျှင်ကာမေသုမိစ္ဆာ ရကံထိုက်၏။
(၁၁) ဓနက္ကီတ- ဥစ္စာဖြင့် ၀ယ်ယူပေါင်းသင်းသော မိန်းမ၊
(၁၂) ဆန္ဒ၀ါသိနီ- အလိုတူ၍ ပေါင်းသင်းသော မိန်းမ၊
(၁၃) ဘောဂ၀ါသိနီ- ပစ္စည်းအသုံးအဆောင်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၄) ပဋ၀ါသိနီ- အ၀တ်အထည်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၅) သြဒပတ္တကိနီ- ရေခွက်၌ လက်ဆုံနှိုက်၍ လက်ထပ်ပေါင်းသင်းသော မန်း မ၊
(၁၆) သြဘဋစုမ္ဗဋာ- ထင်းခွေရေခတ် လုပ်ကိုင်ရသော အမျိုးသမီးအား ယင်းအ လုပ်တို့ကို မလုပ်စေတော့ဘဲ ခေါင်းမှခေါင်းခုကို ချစေ၍ပေါင်းသင်းသော မိန်းမ၊
(၁၇) ဒါသီ- ကျွန်လည်းဟုတ် ၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၈) ကမ္မကာရီ - အလုပ်သမားလည်းဟုတ်၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၉) ဓဇာဟဋာ- သုဥ့်ပန်းအမျိုးသမီးအား မယားအဖြစ်သို့ ပေါင်းသင်းသော မိန်း မ၊
(၂၀) မုဟုတ္တိကာ- ခေတ္တငှားရမ်း ပေါင်းသင်းသော မိန်းမ။
အထက်ပါမိန်းမ(၂၀)တို့တွင် နံပါတ်(၉)သာရက္ခမှ နံပါတ်(၂၀)မုဟုတ္တိကာ အထိ မိန်းမ (၁၂)မျိုးတို့သည် ပိုင်ဆိုင်သူရှိသောကြောင့် မိမိအားပိုင်ဆိုင်သူမှတစ်ပါး အခြား ယောက်ျားများနှင့်သော်လည်းကောင်း၊ တိရစ္ဆာန်အထီးများနှင့်သော်လည်းကောင်း ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာာစာရကံထိုက်၏။ အဘယ်ကြောင့်ဆိုသော် လင်ပိုင်ဆိုင်သော ကာမအတွေ့အထိကို ခိုး၍ သူတစ်ပါးအား ပျော်မွေ့ စေသော ကြောင့် ဖြစ်သည်။ ယောက်ျားများမှာမူ မိန်းမ (၂၀) အနက် တစ်ယောက်ယောက်နှင့် ဖောက်ပြန်လျှင် ကာမေသုမိစ္ဆာရကံ ထိုက်၏။ ထို့ကြောင့် ရှေးဆရာကြီးများက“မန်းမ နှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ” ဟု ဆုံးမခဲ့ကြ၏။
ဤ သိက္ခာပုဒ်၌လည်း သီလမရှိသူ၌ ကျူးလွန်လျှင် အပြစ်နည်း၏။ သီလရှိသူ၌ ကျူးလွန်လျှင် အပြစ်ကြီး၏။ သီလမရှိသူအပေါ်၌လည်း အနိုင်ကျင့်ကျူးလွန်လျှင် အပြစ် ကြီး၏။ နှစ်ယောက်အလိုဆန္ဒတူ၍ ကျူးလွန်လျှင် အပြစ်နည်း၏။ မှားယွင်းလိုသော စေတနာလည်းမရှိ အလိုလည်းမတူဘဲ အနိုင်အထက်ကျူးလွန်ခံရသူအား ကာမေသု မိစ္ဆာစာရမဖြစ်၊ ကျူးလွန်သူ၌သာဖြစ်၏။ အမှောင်ခန်းထဲ၌အိပ်နေစဉ် မသူတော် လာရောက်နေထိုင်သည်ကို မိမိလင်မှတ်၍ သာယာသောမိန်းမအားလည်းကောင်း၊ မိမိ မယားနှင့် ယှဉ်အိပ်နေသူ အမျိုးသမီးအား မိမိမယားမှတ်၍ မှားမိသောယောက်ျားအား လည်းကောင်း ကာမေသုမိစ္ဆာာရကံ မထိုက်ပေ။
မဂ်နှင့်ပတ်သက်၍လည်း သိဘို့လိုအပ်၏။ (မဂ္ဂ=မဂ်=လမ်းကြောင်း) လူတို့ခန္ဓာ ကိုယ်တွင် ကာမကျူးလွန်၍ ဖောက်ပြန်နိုင်သော လမ်းကြောင်းသုံးမျိုးရှိသည်။ ၎င်းတို့ မှာ-
(၁) ၀စ္စမဂ် - ကျင်ကြီးစွန့်ရာ လမ်းကြောင်း၊
(၂) ပဿာဝမဂ် - ကျင်ငယ်စွန့်ရာ လမ်းကြောင်း၊
(၃) မုခမဂ် - စကားပြောရာလမ်းကြောင်းတို့ ဖြစ်ကြသည်။
ယင်းတို့အနက် မိန်းမတို့၏ မဂ်သုံးမျိုး၌ ယောက်ျား၏ ပဿာဝမဂ်ဖြင့် ကျူးလွန် သော်လည်းကောင်း၊ ယောက်ျားအချင်းချင်း ၀စ္စမဂ်၊ မုခမဂ်တို့၌ ကျူးလွန် သော်လည်း ကောင်း ကာမေသုမိစ္ဆာစာရကံ ထိုက်၏။ မိန်းမအချင်းချင်း၊ မဂ်တူအချင်းချင်း ထိတွေ့ ဆက်စပ်လျှင်မူ ကာမေသုမိစ္ဆာစာရကံ မဖြစ်ပါ။
ကာမေသုမိစ္ဆာစာရကံ မြောက်စေသော အင်္ဂါလေးပါရှိ၏။ ၄င်းအင်္ဂါများ မှာလည်း ယောက်ျားများအတွက်သာ ရည်ရွယ်ပေသည်။ ထို အင်္ဂါ(၄) ပါးတို့ကတော့-
(၁) မသွားလာအပ်သော အဂမနီယ၀တ္ထု ဖြစ်ခြင်း၊
(၂) အဂမနီယ၀တ္ထု၌ မှိဝဲလိုစိတ်ရှိခြင်း၊
(၃) လုံ့လပြုခြင်း၊
(၄) သာယာခြင်း တို့ဖြစ်ကြ၏။
မိမိ၏မယား၌ ကာမေသုမိစ္ဆာစာရကံထိုက်ခြင်းအင်္ဂါ (၄) ပါးလည်း ရှိသေး၏။ ၎င်း တို့မှာ-
(၁) အကာလ - ရောဂါ၊ ကိုယ်ဝန် အလွန်ရင့်သောအခါ၊
(၂) အာဒေသေ - မိဘဆရာ သူတကာတို့ မြင်သဖြင့် မသင့်နေရာ၊
(၃) အဓမ္မေန - ကျင့်ရိုးမဟုတ်ကျင့်ခြင်း၊
(၄) အနင်္ဂေန - ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်သောအခါဟူ၍ ရှိကြလေ၏။
ကာမေသုမိစ္ဆာာစာရကံကျူးလွန်ခြင်းကြောင့်ရရှိသော အပြစ်(၁၁)ချက်ရှိပါသည်။ ၎င်းတို့မှာ-
(၁) ကာမေသုမိစ္ဆာစာရအားကြီးသော လူသည် မလိုမုန်းထားသူ ပေါများခြင်း၊
(၂) မုန်းရုံမက ရန်သူလည်းများခြင်း၊
(၃) လာဘ်ပစ္စည်းများ ရှားပါးတိတ်ဆိတ်ခြင်း၊
(၄) ချမ်းသာမှု ကင်းဆိတ်ခြင်း၊
(၅) မိန်းမ ဖြစ်ရခြင်း၊
(၆) မိန်းမမဟုတ် ၊ ယောက်ျားမဟုတ် ပဏ္ဍုတ်ဖြစ်ရခြင်း၊
(၇) ယောက်ျားဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း၊
(၈) မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း၊
(၉) အင်္ဂါလက္ခဏာ ဣနြေ္ဒတို့ယွင်းချို့  သေးသိမ်ခြင်း၊
(၁၀) စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း၊
(၁၁) ချစ်သူနှင့် ကွေကွင်းကွဲကွာရခြင်း တို့ ဖြစ်ကြ၏။
လင်္ကာဖြင့်မှတ်ပါလေ-
“မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြအများ၊ ရန်သူပွား၍၊ ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏၊ ဣတ္ထိပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏ ဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ကအပြန် အကျိုး တည်း။”
ဤ ပြဆိုခဲ့သော အပြစ်တို့သည် ၀ဋ်လိုက်သောအားဖြင့် ဖြစ်ရာဘ၀၌ ကြုံတွေ့ ရ တတ်သော အပြစ်များသာတည်း။ ထိုအပြစ်များအပြင် ငရဲ၌လည်း ဖြစ်ကြရသေး၏။ ကာမေသုမိစ္ဆာစာရကံအားကြီးသော သူဌေးသားလေးယောက်တို့၏ “လောဟကုမ္ဘီ” ခေါ်သံရည်ပူငရဲမှ “ဒု ၊ သ ၊ န ၊ သော” ဟု ဟစ်အော်ကြပုံကိုလည်း လူအများပင် ကြား ဖူးကြပါသည်ီ။ အထူးဆင်ခြင်ဖွယ်ကောင်းသော အရှင်အာနန္ဒာအလောင်း၏ ဖြစ်ပုံလည်း ရှိသေး၏။ အရှင်အာနန္ဒာအလောင်းသည် ကမ္ဘာတစ်သိန်းမျှ ပါရမီဖြည့်ပြီးနောက် ကျွတ်
တမ်းဝင်တော့မည့် ဤ ကမ္ဘာမှာပင် တစ်ခုသောဘ၀၌ ရွှေပန်းတိမ်သည်သားဖြစ်၏။ ထို ဘ၀တုန်းက လူလေလူလယ်တို့နှင့် ပေါင်းမိ၍ ကာမေသုမိစ္ဆာာစာရအမှုကို ပြုလေ သည်။(လူမိုက်နှင့် ပေါင်းခြင်းကား ဤမျှလောက် အပြစ်များ၏။)
ထို အကုသိုလ်ကံကြောင့် ရောရုဝငရဲ၌လည်း နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီးနောက် လွတ်မြောက်လာသောအခါ မျောက်ဖြစ်၍ ဝှေးစေ့ကိုက်ဖောက်ခံရ၏။ ထို့နောက် တစ်ဘ၀၌ နွားဖြစ်၍ သင်းကွပ်(ဝှေးစေ့အထုတ်) ခံရ၏။ ထို့နောက် မိန်းမမဟုတ်၊ ယောက်ျားမဟုတ် ပဏ္ဍုပ်ဖြစ်ရ၏။ ထို့နောက် (၅) ဘ၀မြောက်၌ အကုသိုလ်ကံ အခွင့်ရ ၍ နတ်ပြည်၌ ဖြစ်ရသော်လည်း ထိုကာမေသုမိစ္ဆာာစာရကံ နှောင့်ယှက်မှုကြောင့် နတ်သားမဖြစ်ဘဲ နတ်သမီးချည်း ငါးဘ၀လုံးလုံး ဖြစ်ရသေး၏။ ထိုဘ၀တို့နောက်၌ လူ့ပြည်မှာ ဘုရင့်သမီးဖြစ်ရပြန်၏။ ထိုဘ၀နောက်မှ ယောက်ျားဘ၀ကို ရလေည်။
ဤသို့လျှင် ကာမေသုမိစ္ဆာာစာရကံအတွက် ပါရမီရှင်ကြီးသော်မှ ငရဲကျရ၊ ဘ၀ များစွာပင် အောက်ကျနောက်ကျ ဖြစ်ရသေးသည်ကို သတိပြုလျက် တစ်သံသရာလုံးက ပါလာခဲ့သော စိတ်ဆိုး၊ ၀ါသနာဆိုးကြီးကို တရားဖြင့် စောင့်ရှောက်ကြပါကုန်။
You need to be a member of ShweFriends.com to add comments!
Join ShweFriends.com